derpt.gov.mm

Department of Education Research, Planning and Training

(က)    သင်ရိုးညွှန်းတမ်းအညွှန်းဘောင်များနှင့်အညီ အခြေခံပညာသင်ရိုးညွှန်းတမ်းနှင့် သင်ရိုး မာတိကာများကို နိုင်ငံတကာအဆင့်မီ ရေးဆွဲပြုစုရေး၊

(ခ)     ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသော သုတေသနလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊

(ဂ)     ပညာရေးကဏ္ဍအတွက် တိကျမှန်ကန်သည့် စာရင်းအင်းအချက်အလက်များကို စုစည်း ရေး၊ သုတေသနနှင့် စီမံကိန်းရေးဆွဲ‌ရေးတို့အတွက် လိုအပ်သည့် စာရင်းအင်း အချက် အလက်များကို ပံ့ပိုးပေးရေး၊

 (ဃ)   ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသော စီမံကိန်းများကို  အကောင် အထည်ဖော် ဆောင်ရွက်ရေး၊

(င)     နိုင်ငံခြားပညာသင်ဆုခွဲဝေခြင်းဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ရေး၊

(စ)     လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးရေး၊

(ဆ)    သင်ကြားရေးနှင့် ပညာရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးအတွက် သင်ကြား လေ့ကျင့်ပေးရေး၊

(ဇ)     အရည်အသွေးရှိပြီး အာမခံမှုရှိသော ပညာရေးစနစ်ကို အကောင်အထည်ဖော်နိုင်ရေး အတွက် ကူညီပံ့ပိုးပေးရေး၊