derpt.gov.mm

Department of Education Research, Planning and Training

 (၁)    အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများ ခေတ်နှင့်အညီ အဆင့် မြှင့်တင်ခြင်း။

(၂)      နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံတကာပညာရေး သင်ရိုးညွှန်းတမ်း များကို လေ့လာဆန်းစစ်ခြင်း၊ သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်မွမ်းမံရေးဆွဲခြင်း၊ ပညာရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍လေ့လာဆန်းစစ်ခြင်းများကိုဆောင်ရွက်ခြင်း။

(၃)     အခြေခံပညာ‌ ‌ကျောင်းသုံးစာအုပ်များ၊ ဆရာလက်စွဲများ၊ လုပ်ငန်းပေးစာအုပ်များ ပြုစု ရေးသားခြင်း၊ သင်ကြားသင်ယူမှု အထောက်အကူပစ္စည်းများပြုစုထုတ်ဝေခြင်း။

(၄)     ကျောင်းသင်ခန်းစာ ပို့ချချက် (Radio Talk & ETV)ကို ရေးသားပြုစုခြင်း။

(၅)     သင်ရိုးညွှန်းတမ်း အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကာ လေ့လာကြီးကြပ်အကဲဖြတ်ခြင်း၊  သုတေသနဌာနခွဲနှင့် ပူးပေါင်းကာ သင်ရိုး အကဲဖြတ် သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း။

(၆)     ရန်ကုန်မြို့ရှိ မူးယစ်ပြတိုက် ပညာရေးပြခန်းတွင် ခင်းကျင်းပြသခြင်း၊ ပြခန်း ထိန်းသိမ်း ပြင်ဆင်ခြင်း၊ လေ့လာသူများအား ရှင်းလင်းတင်ပြခြင်း။

(၇)     အခြေခံပညာကဏ္ဍလုပ်ငန်းခွင် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ စွမ်းဆောင်ရည် မြင့်မား ရေး သင်တန်း၊ လုပ်ငန်းဆွေးနွေးပွဲ၊ Seminar များ၊ Conference များ ကျင်းပခြင်း တို့ကို ကြီးကြပ်ကွပ်ကဲခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ ၏ အကူအညီရရှိရေး ညှိနှိုင်းဆောင်ရွက်ခြင်း။

(၈)     ဦးစီးဌာနတွင်း ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားရေးအတွက် သတ်မှတ်ဧရိယာ အလိုက်စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းများဖွင့်လှစ်ပို့ချပေးနိုင်ရန် ဆောင်ရွက်ခြင်း။

(၉)     အခြေခံပညာကဏ္ဍ၊ လုပ်ငန်းခွင်ဆရာ၊ ဆရာမများ၏စွမ်းဆောင်ရည် မြင့်မားရေး သင်တန်းများ၊ လုပ်ငန်းခွင်ရှိ ပညာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားရေး အတွက် သင်တန်းများပို့ချနိုင်ရေး၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအတွက် Continuous Professional Development Programme များ ရေးဆွဲအကောင်အထည် ဖော်‌ရေး ဆောင်ရွက်ခြင်း။

(၁၀)   ပညာရေးရည်မှန်းချက်၊ မူဝါဒ၊ စီမံကိန်းများအား အထောက်အကူပြုစေမည့် ပညာရေး သုတေသန လုပ်ငန်းများကို ဆောင်ရွက်ခြင်း။

(၁၁)   အခြေခံပညာအရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာ၊ ဘုန်းတော်ကြီး သင်၊ ပုဂ္ဂလိကနှင့် ကျောင်းပြင်ပ ပညာရေး၏ သင်ရိုးညွှန်းတမ်း၊ သင်ကြားနည်းစနစ်၊ သင်ယူမှုရလဒ်နှင့် ဆရာ၊ ဆရာမများ၏ သင်ကြားပို့ချမှုစွမ်းရည် မြင့်မားရေး၊ စီမံ ဝန်ထမ်းများ စွမ်းရည်မြင့်မားရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း။

(၁၂)    နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နည်းပညာဖလှယ်ခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ သုတေသနလုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း၊ သုတေသန စာတမ်းဖတ်ပွဲ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် သုတေသနဂျာနယ်များ ပူးပေါင်းထုတ်ဝေ ခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း။

(၁၃)   နိုင်ငံအကျိုးပြု ပညာရေးသုတေသန လုပ်ငန်းများမှရရှိလာသည့် သုတေသန ရလဒ်များ အား အသိပေးဖြန့်ဝေခြင်းနှင့် အဆိုပါ အထောက်အထားများအပေါ် အခြေခံ၍ မူဝါဒ ရေးရာ ဆုံးဖြတ်ချက်ချသူများအား လိုအပ်သည့် အကြံပြုချက်များပေးခြင်း၊ လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်‌ရေးအတွက် အကြံပြုခြင်း။

(၁၄)   ပညာရေးကဏ္ဍအတွက် မှန်ကန်တိကျသည့် စာရင်းအင်းများကို စုစည်းခြင်း၊ ထုတ်ပြန် ခြင်း၊

(၁၅)   လိုအပ်သလို အစီရင်ခံစာများထုတ်ပြန်ခြင်း၊ စီမံကိန်းရေးဆွဲရေးအတွက်လိုအပ်သည့် သတင်းအချက်အလက်နှင့် စာရင်းအင်းများကို လိုအပ်သလိုစုစည်းပြုစုခြင်း။

(၁၆)   ပညာရေးကဏ္ဍတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေသည့်၊ ပါဝင်ဆောင်ရွက်ရန် ကမ်းလှမ်း လာသည့် ဖွံ့ဖြိုးမှုမိတ်ဖက်များ (Development Partners) နှင့် ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လိုအပ်သည့် လုပ်ငန်းများအတွက် လိုအပ်သလို ညှိနှိုင်း ပံ့ပိုးပေးခြင်း။

(၁၇)   ပညာရေးကဏ္ဍအတွက် နိုင်ငံတော်၏ နှစ်တို၊ နှစ်ရှည် စီမံကိန်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက် များနှင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများကို နိုင်ငံတော်၏မူဝါဒနှင့် အညီ သက်ဆိုင် ရာ ဦးစီးဌာနများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ ပတ်သက်ဆက်နွယ်သူများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်း။

(၁၈)   ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပူးပေါင်းအကောင်အထည်‌ဖော်သည့် စီမံကိန်းများနှင့် စပ်လျဉ်း ၍ ဝန်ကြီးဌာန၏ တာဝန်ပေးချက်အရ Focal Department အဖြစ် ဆောင်ရွက်ခြင်း။

(၁၉)   နိုင်ငံတော်စီမံကိန်းများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများ အကောင်အထည်ဖော်မှုကို လေ့လာကြီးကြပ်အကဲဖြတ်၍ တိုးတက်မှု အစီရင်ခံစာများကို ပြုစုတင်ပြခြင်း။

(၂၀)    စီမံကိန်းရေးဆွဲရေးလုပ်ငန်း၊ လေ့လာကြီးကြပ်အကဲဖြတ်သည့် လုပ်ငန်းများနှင့် သက်ဆိုင် သည့် စွမ်းဆောင်ရည် မြင့်မားရေး သင်တန်းများကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းပို့ချပေးခြင်း။

(၂၁)    လူတိုင်းအကျုံးဝင်ပြီး သာတူညီမျှမှုရှိသော ပညာရေးဝန်ဆောင်မှုများ မြှင့်တင်ခြင်းနှင့် စီမံခန့်ခွဲရေးစနစ်များတွင် ပါဝင်လာအောင် ဆောင်ရွက်ခြင်း။

(၂၂)    လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ စွမ်းရည်များ၊ အလေ့အကျင့်များ၊ လုပ်ငန်းစဉ်များနှင့် စနစ်များကို ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်ခြင်း။

(၂၃)    အရည်အသွေးရှိပြီး အာမခံမှုရှိသော ပညာရေးစနစ်ကို အကောင်အထည်ဖော်နိုင်ရေး အတွက် ကူညီပံ့ပိုးပေးခြင်း။

(၂၄)    မူးယစ်ဆေးဝါး သုံးစွဲခြင်းနှင့် လူကုန်ကူးခြင်းအန္တရာယ်မှ ကာကွယ်ရန်အတွက် အသိ ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း။

(၂၅)    နိုင်ငံခြားပညာသင် ဆုသတ်မှတ်ခွဲဝေခြင်း။ 

(၂၆)    ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် စပ်လျဉ်းသည့် ကိစ္စများကို ဆောင်ရွက်ခြင်း။

(၂၇)    ဦးစီးဌာန အတွင်း/အပြင် ထူးခြားဖြစ်စဉ်များကို အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက် ခြင်း။

(၂၈)   ဝန်ထမ်းရေးရာကိစ္စအဝဝကို ကြီးကြပ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်က ချမှတ်ထားသည့် ပညာရေးစီမံကိန်းများ အောင်မြင်ရေးအတွက် လိုအပ်သည့် စီမံခန့်ခွဲရေးရာများ ကွပ်ကဲ ခြင်း။

(၂၉)   ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သော စီမံချက်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို ပံ့ပိုး ဆောင်ရွက်ခြင်း။

(၃၀)   ဦးစီးဌာန၏ ဝန်ထမ်းများ စည်းကမ်းထိန်းသိမ်းရေး၊ သက်သာချောင်ချိရေး ကိစ္စများကို ဆောင်ရွက်ခြင်း၊ ဝန်ကြီးရုံးနှင့် အခြားဆက်စပ်ဝန်ကြီးဌာန၊ ဦးစီးဌာနများနှင့် စီမံရေးရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ခြင်း။

(၃၁)   နှစ်စဉ်ဘဏ္ဍာငွေ ရသုံးခန့်မှန်း‌ခြေငွေစာရင်းများ‌ ရေးဆွဲတင်ပြခြင်း၊ လိုအပ်ပါက ဖြည့်စွက်ခွင့်ပြု ငွေတောင်းခံခြင်းကို ကြီးကြပ်ကွပ်ကဲဆောင်ရွက်ခြင်း။

(၃၂)   နိုင်ငံတော်ကချမှတ်ပေးသည့် ပညာရေးစီမံကိန်းများ အောင်မြင်‌ရေးအတွက် လိုအပ် သည့် စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာ‌ရေးဆိုင်ရာ ကိစ္စရပ်များကို ကွပ်ကဲဆောင်ရွက်ခြင်း။

(၃၃)   ဖွံ့ဖြိုမှုမိတ်ဖက်များနှင့် ပူးပေါင်းအကောင်အထည်ဖော်သည့် စီမံချက်လုပ်ငန်းများ အဆင် ပြေချောမွေ့စေရေးအတွက် လိုအပ်သည့်စီမံခန့်ခွဲ‌ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ ကို ကွပ်ကဲဆောင်ရွက်ခြင်း။