derpt.gov.mm

Department of Education Research, Planning and Training

(က)    သင်ရိုးညွှန်းတမ်း အညွှန်းဘောင်များနှင့်အညီ အခြေခံပညာသင်ရိုးညွှန်းတမ်းနှင့် သင်ရိုး မာတိကာများကို နိုင်ငံတကာအဆင့်မီ ရေးဆွဲအကောင်အထည်ဖော်ရေး၊   

(ခ)     နိုင်ငံ့အကျိုးပြု ပညာရေးသုတေသနများ ဆောင်ရွက်ရေး၊

(ဂ)     ပညာရေးကဏ္ဍအတွက် မှန်ကန်တိကျသည့် စာရင်းအင်း၊ သတင်းအချက်အလက်များ စုစည်းခြင်းနှင့် အညွှန်းကိန်းများ အသုံးပြု၍ အထောက်အထားအခြေပြု ဆုံးဖြတ်ချက်ချရာ တွင် ပံ့ပိုးဆောင်ရွက်ရေး၊

(ဃ)    ပညာရေးကဏ္ဍအတွက် နိုင်ငံတော်၏ နှစ်တို၊ နှစ်ရှည်စီမံကိန်းများကို ပညာရေးကဏ္ဍတွင် ပတ်သက်ဆက်နွယ်မှုများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေး၊

(င)     လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် နိုင်ငံခြားပညာသင်ဆု ခွဲဝေရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ရေး၊

 (စ)    လုပ်ငန်းခွင်ရှိ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ် မြှင့်တင်ပေးရေး၊

(ဆ)    ပညာရေးအဆင့်တိုင်းနှင့် ပညာရပ်နယ်ပယ်အသီးသီးတွင် အမျိုးသားပညာရေးအဆင့် မူဘောင်နှင့်အညီ အဆင့်အတန်းသတ်မှတ်ပြီး အရည်အသွေးအာမခံမှုရှိသော စနစ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးရေး၊