derpt.gov.mm

Department of Education Research, Planning and Training

ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ဖြစ်ပေါ်လာခြင်း

၁။      ၁၈၆၆ ခုနှစ်တွင် ဗြိတိသျှအစိုးရက အောက်မြန်မာပြည်၌ပညာရေးဌာန(General Education) ကို စတင်ဖွဲ့စည်းခဲ့ပါသည်။

၂။       ၁၉၆၆ ခုနှစ်တွင် အထွေထွေပညာရေး မှ ကျောင်းသင်ပညာရေးကို  စတင်ဖော်ဆောင် ခဲ့ပြီး အခြေခံပညာရေး (Basic Education) အမည်အဖြစ်ပြောင်းလဲခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် မြန်မာနိုင်ငံပညာညွှန်ကြားရေးဝန်ရုံး (Directorate of Education) ကို အခြေခံပညာဦးစီးဌာန (Basic Education Department) အဖြစ် ပြောင်းလဲဖွဲ့စည်း ခဲ့ပါသည်။

၃။      ၁၉၉၈ ခုနှစ်တွင် အခြေခံပညာဦးစီးဌာနကို အမှတ်(၁)အခြေခံပညာဦးစီးဌာန၊ အမှတ်(၂) အခြေခံပညာဦးစီးဌာန၊ အမှတ်(၃)အခြေခံပညာဦးစီးဌာနနှင့် ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန  အစရှိသည့် ဦးစီးဌာန(၄)ခုအဖြစ် တိုးချဲ့ဖွဲ့စည်းဆောင်ရွက် ခဲ့ပါသည်။

၄။      ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

(က)    တစ်နိုင်ငံလုံးအတိုင်းအတာအရ ဆရာ၊ဆရာမများ၏ ဆရာအတတ်ပညာ လေ့ကျင့်သင်ကြားရေးလုပ်ငန်းများ၊

(ခ)     ကျောင်းသုံးစာအုပ်များဆိုင်ရာ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများ စိစစ် ပြုပြင် မွမ်းမံရေးလုပ်ငန်းများ၊

(ဂ)     ဆရာလက်စွဲနှင့် ကျောင်းသားကိုင် ပြဌာန်းစာအုပ်များ ရိုက်နှိပ်ဖြန့်ဖြူးရေး လုပ်ငန်းများ၊

(ဃ)    ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာရေးဆိုင်ရာ နှစ်တို၊နှစ်ရှည် စီမံကိန်းများ နှင့်သက်ဆိုင်သည့် စီမံကိန်းအစီအစဉ် ပြုစုတင်ပြရေးလုပ်ငန်းများ၊

(င)     ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သည့် အခြေခံပညာရေး စာရင်းအင်းနှင့် အချက်အလက်ဆိုင်ရာ အစီရင်ခံစာပြုစုရေးလုပ်ငန်း၊ စီမံကိန်းလုပ်ငန်းများ၊

(စ)     အခြေခံပညာကဏ္ဍတစ်ရပ်လုံးနှင့်သက်ဆိုင်သည့် ပညာရေးစာရင်းအင်း  အချက် အလက်များ၊ စာစောင်၊ စာတမ်းစုစည်းပြုစုရေးလုပ်ငန်းများ၊

၅။      ၁၉၉၈ ခုနှစ်မှ စ၍ ညွှန်ကြားရေးမှူးချုပ်အဖြစ် ဦးဘိုဝင်းက တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် အငြိမ်းစားယူခဲ့ပါသည်။

၆။      ဦးဘိုဝင်းအငြိမ်းစားယူပြီးနောက် ဦးကိုကိုတင်မှ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနကို လူ့စွမ်းအားအရင်းအမြစ်နှင့် ပညာရေးစီမံကိန်းဦးစီးဌာန အဖြစ်ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။

၇။      ၂၀၁၅ ခုနှစ်တွင် ဦးကိုကိုတင်သည် အခြားဝန်ကြီးဌာနတစ်ခုသို့ ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ခဲ့ပါသဖြင့် ညွှန်ကြားရေးမှူးချုပ်အဖြစ် ဒေါက်တာဝင်းထွန်းမှ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့ ဦးစီးဌာနနှင့် ပေါင်းစပ်ပြီး ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန အဖြစ် ထပ်မံပြင်ဆင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

၈။      ၂၀၂၂ ခုနှစ်တွင် ဒေါက်တာဝင်းထွန်းသည် အဆင့်မြင့်ပညာဦးစီးဌာနသို့ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ပါသဖြင့် ၁၉-၁-၂၀၂၂ နေ့မှစ၍ ဒေါက်တာသန်းသန်းမြင့် မှ ညွှန်ကြားရေးမှူးချုပ် အဖြစ် ယနေ့အထိ တာဝန်ယူဆောင်ရွက်လျှက်ရှိပါသည်။

၉။      ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနတွင် အောက်ပါ ဌာနခွဲ (၈)ခုဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်လျှက်ရှိပါသည်-

(က)    သုတေသနဌာနခွဲ

(ခ)     နိုင်ငံတကာဆက်ဆံရေးနှင့်ပညာသင်ရေးရာဌာနခွဲ

(ဂ)     စီမံကိန်းဌာနခွဲ

(ဃ)    စာရင်အင်းနှင့်သတင်းအချက်အလက်ဌာနခွဲ

(င)     လေ့ကျင့်ရေးဌာနခွဲ

(စ)     သင်ရိုးညွှန်းတမ်းဗဟိုအဖွဲ့

(ဆ)    ဘဏ္ဍာရေးဌာနခွဲ

(ဇ)     စီမံဌာနခွဲ တို့ဖြစ်ပါသည်။

၁၀။    ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို သီးခြား (Vission, Mission) ဖြင့် ဖော်ပြအပ်ပါသည်။