(၁) အခြေခံပညာအဆင့် သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများကို ခေတ်နှင့်အညီ အဆင့် မြှင့်တင်ခြင်း။
(၂) ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သင်ရိုးညွှန်းတမ်းများကို လေ့လာဆန်းစစ် ခြင်း၊ ပြင်ဆင်မွမ်းမံရေးဆွဲခြင်းနှင့် သင်ရိုးညွှန်းတမ်းအကောင်အထည်ဖော်မှုများကို အကဲဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း။
(၃) ပညာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးအတွက် သင်တန်းများပို့ချနိုင်ရေး၊ Continuous Professional Development Programme များ ရေးဆွဲအကောင် အထည် ဖော်ရေး ဆောင်ရွက်ခြင်း။
(၄) ပညာရေးရည်မှန်းချက်၊ မူဝါဒ၊ စီမံကိန်းများအား အထောက်အကူပြုစေမည့် ပညာရေး သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခြင်း။
(၅) နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နည်းပညာဖလှယ်ခြင်း၊ လုပ်ငန်း ဆွေးနွေးပွဲများကျင်းပခြင်း၊ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် သုတေသန ဂျာနယ်များ ပူးပေါင်းထုတ်ဝေခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း။
(၆) ပညာရေးကဏ္ဍအတွက် မှန်ကန်တိကျသည့် စာရင်းအင်းများကို စုစည်းခြင်း၊ ထုတ်ပြန်ခြင်း။
(၇) နိုင်ငံတော်၏မူဝါဒနှင့်အညီ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို ပညာရေး ကဏ္ဍတွင် ပတ်သက်ဆက်နွယ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း။
(၈) အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးခြင်းအန္တရာယ်မှ ကာကွယ် ရန်အတွက် အသိပညာပေးလုပ်ငန်းများကို ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက် ခြင်း။
(၉) နိုင်ငံခြားပညာသင်ဆု သတ်မှတ်ခွဲဝေခြင်းနှင့် ပညာရေး၊ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် စပ်လျဉ်းသည့်ကိစ္စများကို ဆောင်ရွက်ခြင်း။