ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ မျှော်မှန်းချက်မှာ အခြေခံပညာ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများကို နိုင်ငံတကာအဆင့်မီ ရေးဆွဲအကောင်အထည်ဖော်ခြင်း ဖြင့် လည်းကောင်း၊ သုတေသနရလဒ်များနှင့် တိကျမှန်ကန်သော ပညာရေးစာရင်းအင်း၊ သတင်း အချက်အလက်များကို အသုံးပြု၍ ပညာရေးစီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ခြင်းဖြင့် လည်းကောင်း၊ လုပ်ငန်းခွင်ရှိ ဆရာ၊ဆရာမများနှင့် ပညာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြင့်စေခြင်းဖြင့်လည်းကောင်း နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ဖြစ်ပါသည်။